No.235, Shu Khinn Thar Myo Pat Rd, Thaketa Tsp, Yangon.
(01)450396-7, (01)9410010-20, (09)424451186

What suggestion would you like to give to other parents about your college?

What suggestion would you like to give to other parents about your college?
October 4, 2021 SKT International College

ကျွန်မကတော့ IB နှင့် IGCSE Program ကို တက်ရောက်ဖို့ အထူးအကြံဉာဏ်ပေးချင်ပါတယ်။ ထို Program တွေဟာ ပညာရေးတစ်ခုထဲကို အားစိုက်စေတာမဟုတ်ဘဲ ကျောင်းသားတွေအတွက် ဘဝမှာ ရှိသည့်ရှိထိုက်တဲ့ အရည်အချင်းတွေကိုပါ သင်ကြားခွင့်ရရှိမဲ့ Program မျိုးပါ။ အဲ့ဒါတွေကြောင့် ကျွန်မရဲ့ သားသမီးတွေကို Cambridge Program ဖြစ်တဲ့ IGCSE နှင့် IB ကို တက်ရောက်စေချင်တာပါ။ အဲ့ဒီ Program တွေဟာဆို ပညာရေးပဲ မဟုတ်ဘဲ လူ့ကျင့်ဝတ် စိတ်နေစိတ်ထား၊ လူမှုဆက်ဆံရေးအားလုံး ပါဝင်ပြီး TOK (Theory of knowledge ) အတန်းတွေလည်းပါဝင်ပါတယ်။ ဒီ Program က အရမ်းကို အဆင့်အတန်းမြင့်တဲ့ အစီအစဉ်တစ်ခုပါ။ ကျောင်းသားတစ်ယောက်မှာ ပညာရေးတစ်ခုထဲပဲ မဟုတ်ပဲ တကယ် ဘဝမှာ အရေးကြီးတဲ့ လူမှုဆက်ဆံရေး၊ အားကစား၊ အပြန်အလှန် ပြောဆိုဆက်ဆံရေးတွေ ရှိနေဖို့ လိုအပ်တယ်လို့ ကျွန်မယုံကြည်တယ်။ ဒါတွေဟာဆို ဒီ Program မှတစ်ဆင့် ကျောင်းသားတွေ ရရှိမဲ့ အားသာချက်တွေပါ။ အရမ်းလည်း ခက်ခဲတဲ့ Program တစ်ခုလဲ ဖြစ်တယ်။ ကျမ အနေနဲ့ ကလေးတွေကို ဒီလိုပညာရေးမျိုးရစေချင်တယ်. ဒါမှလဲ ဘဝမှာ ပိုမိုအောင်မြင်မှုတွေ ရစေမှာပါ. ဒီ Program ဟာ စာမေးပွဲ အောင်မြင်ဖို့ တစ်ခုဘဲမဟုတ်ဘဲ. Critical thinking. Sport. နဲ့ သုံးသပ် တွေးခေါ်မှုပိုင်းတွေလဲရင့်ကျက်လာစေတယ်. ငယ်ရွယ်ချိန်မှာ ဒီလို တွေးခေါ်မှုပိုင်းတွေ လေ့ကျင့်ပေးခြင်းဟာ အင်မတန် တန်ဖိုးရှိပါတယ်. University မှာ တက်နေတဲ့ ကျမရဲ့သားဟာ လွယ်ကူစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်.

ဘာကြောင့်လဲဆိုတော့ IB Program မှ ခက်ခက်ခဲခဲနှင့် မိဘ၊ ဆရာ ဆရာမတွေရဲ့ ပံ့ပိုးမှုတွေနှင့်တကွ ကြိုးစားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီကျောင်းကို တက်ဖို့ရွေးချယ်မယ်ဆို မှန်ကန်တဲ့ ရွေးချယ်မှုလို့ ကျွန်မယုံကြည်တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*